လှိုင်းဘွဲ နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြစေရန်၊ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် ဆန္ဒမဲပေးရန်တွင် သတိပြုလိုက်နာရမည့် အချက်များအား သိရှိနိုင်စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ ပြသဆောင်ရွက်ထား ရှိကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံများ၊ ‘မဲပေးကြပါစို့’ ပိုစတာ၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ ဆန္ဒမဲပေးရမည့် နည်းလမ်း များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ချက်များ၊ မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်းများ၏ ဘေးအကွက်တွင် တံဆိပ်တုံးထု၍ ဆန္ဒပြုပါ၊ ဆန္ဒမပြုမီ အကြောင်းတခုခုကြောင့် ဆန္ဒမဲလက်မှတ် မတော်တဆ ပျက်ဆီးသွားပါက ဆန္ဒမဲလက်မှတ်အသစ် တောင်းခံနိုင်သည့် မှတ်သားဖွယ်ရာ အချက်များ၊ ဆန္ဒမဲပေးနေစဉ် ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကင်းဝင်းအောင် ဂရုပြုဆောင်ရွက်ရမည့် အချက် များ စသည့်အသိပညာပေးအချက်အလက်များကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)