ဒဂုံမြောက် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကြိုတင် ဆန္ဒမဲများလာရောက်ပေးလျက်ရှိရာ ကြိုတင် ဆန္ဒမဲများလာရောက်ပေးပြီးသူပေါင်း (၃၂၁၀၉)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများတွင် အသက်(၆၀)နှစ် အထက်နှင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် တာဝန်ဖြင့် ခရီးသွားလာမည့် နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင် မည့်သူများ၊ မြို့နယ်ပြင်ပရောက် ကြိုတင်မဲပေးသူများ စုစုပေါင်း (၃၂၁၀၉)ဦး လာရောက်၍ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ခံခဲ့ပြီး ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများတွင်လည်း လာရောက် ဆန္ဒမဲပေးသူများရှိကြောင်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် တွင် အောက်တိုဘာ ၁ ရက်နေ့ မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၁၆၀၅၈၉)ဦးရှိရာ ယခု ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၆၆၃၅၂)ဦး ရှိသည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၇၆၃)ဦး တိုးလာကြောင်း မြို့နယ်ကော်မရှင် အဖွဲခွဲရုံးမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)