လှိုင်းဘွဲ နိုဝင်ဘာ ၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ အသက်(၆၀)နှစ်အထက် ကျန်းမာရေး မကောင်း၍ ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မဲရုံအဖွဲ့ဝင်များ၊ အထူးရဲတပ်တပ်ဖွဲ့ဝင်များ၊ ပါတီ ကိုယ်စားလှယ်များက အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နာမကျန်းဖြစ်နေသူများ၊ ကလေးမီးဖွားနေသူများ၊ မသန်စွမ်းသူများအား မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် ရွေ့လျား ဆန္ဒမဲပေးစနစ်ဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို မဲရုံများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)