သိန္နီ နို၀င်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၏ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးပျို့မောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးထက်အောင်က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း စဥ်များကို ရှင်းလင်း တင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များက အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
သိန္နီမြို့နယ်တွင် ယနေ့အထိ မဲဆန္ဒရှင်ပေါင်း (၃၈၇၁၉)ဦး၊ မဲရုံပေါင်း(၆၀)ရုံ၊ ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူပေါင်း (၆၀၇၆)ဦးရှိပြီး ကြိုတင် မဲပေးပြီးသူ ဦးရေမှာ(၄၃၈၀)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ဖိုးချို( ပြန်-ဆက်)