ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ပန်းတောင်း နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်းဦး ဦးဆောင်၍ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များအား ယမန်နေ့ နံက်ပိုင်းက ပန်းတောင်း မြို့နယ်အတွင်းရှိ ပြည်သူများအား နှာခေါင်းစည်းများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် နေအိမ်အပြင်ထွက်ပါက မဖြစ် မနေ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး Mask များ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)