တံတား နိုဝင်ဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက ရေစီ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များ၊ မဲပုံးများနှင့် ဆက်စပ် ပစ္စည်းများ ဒုတိယအကြိမ် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ၊ အဖွဲ့ဝင်များနှင့်ဝန်ထမ်းများက မဲလက်မှတ်များ၊ မဲပုံး၊ လုံခြုံရေးကြိုး၊ အမှန်ခြစ်တံဆိပ်တုံးနှင့် မဲရုံသုံးဆက်စပ်ပစ္စည်း (၃၂)မျိုးကို ထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ မဲဆန္ဒနယ်မြေအလိုက် တံတားမြို့ရပ်ကွက်(၄)ခုရှိ မဲရုံ (၁၂) ရုံအတွက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)