အုတ်တွင်း ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ရှမ်းစုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှ ရွေ့လျားဝန် ဆောင်မှုလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးစန်းအေးမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်ပြီး အခမဲ့ဆေးကုသခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ၊ စာအုပ်/စာစောင်များ ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်း (ပြန်/ဆက်)