သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး  ဧပြီ  ၂၃

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင် များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း စာအုပ်အား ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်မူးသောသီစိုး (Book Club) အဖွဲ့ဝင်မှ စာအုပ်ပါအကြောင်းအရာဖြစ်သည့် “မွန်းတည့်ချိန် အမိုက်မှောင်၊ အောင်မြင်သူနှင့်ရှုံးနိမ့်သူ၊  အသစ်ဖန်တီးသူနှင့်ပျှမ်းမျှလူ၊  တက်ကြွသော သင်ယူမှု၊ ပင်လယ်က ပေးသောဒဿန” စသည့်အကြောင်းအရာများကို စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး စောလိုဝါး(Youth Club) အဖွဲ့ဝင်က “ခြားနားခြင်းနှင့်အတတ်ပညာ၊ အရှုံး၏ တစ်ဖက် စွန်း၊ ပြတင်းပေါက်ကအလင်း‌ရောင်၊ ညဏ်ရည်ညဏ်သွေး၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်း” စသည့် အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီးတက်ရောက်လာသည့် BookClub/ YouthClub အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာရေးဆရာမောင်သာမည၏ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိပြီး မကြောက်မရွံ့အနာဂတ်လှပအောင် ဖန်တီးလာခြင်း၊ စိတ်သဘာဝ၏ ဘက်နှစ်ဖက်ကို ရုပ်သဘာဝဘက်နှစ်ဖက်နှင့်နှိုင်းယှဉ်၍ စဉ်းစားတတ်လာခြင်း၊ အောင်မြင်သူနှင့် ရှုံးနိမ့်သူတို့၏ အကျင့်စရိုက်ကို သိရှိလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေကြောင်း သိရသည်။

နော်နော်မူ