သံတောင်ကြီးမြို့နယ် စာဖတ်ရှိန်မြှင့်တင်စေရန် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်

သံတောင်ကြီး ဧပြီ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများ မိမိတို့၏ တိုင်းရင်းသားဘာသာစကားကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ် ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်ကျောင်းသူ/ကျောင်းသား (၈)ဦး၊ အင်္ဂလိပ်စာဏမ်းရည်ပြိုင်ပွဲ ကျောင်းသူ/ကျောင်းသား(၈) ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ