တွံတေးမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာအရောက် အခမဲ့ဖြန့်ဖြူးခြင်းဆောင်ရွက်

တွံတေး  ဖေဖော်ဝါရီ  ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကရင်ချောင်းကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှု လျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့် မီးဖိုများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးနှင့် ဝန်ထမ်းများက ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖို (၁၀၈)လုံးကို ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးရေး စီမံကိန်းတွင် တွံတေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအုပ်စု (၂၄) အုပ်စု၊ ကျေးရွာပေါင်း(၆၂)ရွာအား စွမ်းအားမြှင့်မီးဖို(၉၀၀၀) လုံးကို ဖေဖော်ဝါရီလ တတိယပတ် အတွင်းအပြီး ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း  သိရသည်။

မျိုးလှိုင်(တွံတေး)