ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော လမ်းသစ်လမ်းအား စက်ယန္တရားဖြင့် ဆယ်ယူတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များက စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၏ နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသော နေရာတစ်ခုဖြစ်သည့် အင်းစိန်မီးရထား ဂုံးတံတားအဆင်း လမ်းသစ်လမ်းမရှိ ရေမြောင်းများအား မြောက်ပိုင်းခရိုင်နှင့် မြို့နယ် ရေစီးရေလာ စည်ပင်သာယာရေးကော်မတီတို့မှ မိုးတွင်းကာလ၌ ရေကြီး ရေလျှံ မဖြစ်ပေါ်စေရေးအတွက် စက်ယန္တရားကြီးများဖြင့် တူးဖော်ဆယ်ယူနေမှုများအား စစ်ဆေးခဲ့ပြီး ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် စနစ်တကျဖြင့် လုပ်ဆောင်ပေးရာ ရေမြောင်းများအတွင်း အမှိုက်များ စည်းကမ်းမဲ့ မစွန့်ပစ်ရန် ပညာပေးအစီအစဉ်များ လုပ်ဆောင်ကြရန် ကြည့်ရှုစစ်ဆေး မှာကြားခဲ့သည်။
ကြည့်ရှုစစ်ဆေးရာသို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)