ဘားအံ နိုဝင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ၂၀၂၀ ပြည်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့မွန်းလွဲ ၂နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းသို့ကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆန္ဒမဲလာရောက်ပေးမည့် မဲဆန္ဒရှင်ပြည်သူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ မဲရုံအတွင်းအပြင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော်မဲပုံးများ စနစ်တကျခင်း ကျင်းထားရှိမှု အခြေအနေများ ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး ၊ ဒုတိယမဲရုံမှူး ၊ မဲရုံကိုယ်စားလှယ်များ ၊ မဲရုံအဖွဲ့ဝင်များ ၊ ရွေးကောက်ပွဲကြည့်ရှုလေ့လာသူများကို နေရာချထားမှုနှင့် မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် ဘားအံမြို့နယ်တွင် မဲရုံပေါင်း(၂၃၀) ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ(၃၇၇၀၅၂)ဦး ရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်