မော်လမြိုင်မြို့နယ်၌ မဲရုံးပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

မော်လမြိုင်     နိုဝင်ဘာ  

မွန်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူဇော်၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း တို့သည်ယနေ့နံနက်ပိုင်း၌ ၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မော်လမြိုင်မြို့ ခြောက်မိုင်ကျွဲခြံကုန်းရပ်ကွက်ရှိကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ မဲရုံပြင်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ နိုဝင်ဘာလ()ရက်နေ့တွင် ပြည်သူများအဆင်ပြေစွာ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်နိုင်ရေး၊ ကြိုတင်မဲပေးမှုအခြေအနေများအား သွားရောက်စစ်ဆေး၍ လိုအပ်သည်များကို ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးတွင် မော်လမြိုင်မြို့နယ်၌ ဆန္ဒမဲပေးရန် မဲဆန္ဒရှင်စာရင်း နှစ်သိန်းလေးသောင်းခန့်ရှိပြီး မဲရုံ (၁၁၉)ရုံ လျာထားဆောင်ရွက်ထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။                     

ပြည်နယ်(ပြန်/ဆက်)