အုတ်ဖိုမြို့တွင် မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

အုတ်ဖို  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ မြို့နယ်ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအစဉ်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်က အခြေခံစားသောက်ကုန်ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ဝင်အငြိမ်းစား ရဲမှုထမ်းဟောင်း (၃၆) ဦးအား အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ (ရဲမှူးအငြိမ်းစား) ဒေါ်တင်အေးနှင့် ရဲတပ်ကြပ်အငြိမ်းစား ဦးကျော်လှတို့က ရဲမှုထမ်းဟောင်းများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)