ပေါက် နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသည့် မဲဆန္ဒရှင်ပြည်သူများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ပေါက်မြို့ သာသနာ့ဗိမာန်တော် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင် ပေါက်မြို့ သာသနာ့ဗိမာန်တော် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသည့် မဲဆန္ဒရှင်ပြည်သူ(၇)ဦးတို့က မိမိတို့၏ မဲဆန္ဒနယ်မြေတွင် ပါဝင်သည့် ရပ်ကွက်/ ကျေးရွာများအလိုက် မိမိတို့၏ ဆန္ဒသဘောထားအတိုင်း ကြိုတင်ဆန္ဒမဲများပေးကြပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပေါက်မြို့ သာသနာ့ဗိမာန်တော် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)