ရန်ကင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုဖြင့် လက်ခံကျင်းပမည်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပ သွားမည်ဖြစ်ရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာစစ်ဌာနသုံးခု (အ.ထ.က-၁၊ အ.ထ.က-၂၊ အ.လ.က-၂)ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြား (Identity Card) များကို သက်ဆိုင်ရာကျောင်းများနှင့် ပညာရေးမှူး ရုံးတို့တွင် ထုတ်ပေးလျက်ရှိရာ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားဦးရေမှာ ဝိဇ္ဇာတွဲမှ ကျား (၁၈) ဦး၊ မ (၂၆) ဦး၊ သိပ္ပံတွဲမှ ကျား (၂၄၉) ဦး၊ မ (၃၀၆) ဦး၊ ဝိပ္ပံတွဲမှ ကျား (၂၇၁) ဦး၊ မ (၂၆၃) ဦး စုစုပေါင်း (၁၁၃၃) ဦး ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)