ခန္တီး မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်တတ်စေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်၍အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းနုက ရေဘေးအန္တရာယ်နှင့်ပတ်သက်သည်များကိုလည်းကောင်း၊ လေဘေးအန္တရာယ်နှင့်ပတ်သက်သည်များကိုလည်းကောင်း၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည်များကိုလည်းကောင်း၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည်များကိုလည်းကောင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်သည်များကိုလည်းကောင်း၊ မြေဘေးအန္တရာယ်နှင့်ပတ်သက်သည်များကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ထားသင့်သည်များကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဦးစားပေးဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် ရေဘေးပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြပြီး ပြသထားသည့် မိုးခေါင်ရေရှားအသိပညာပေးပိုစတာ၊ ရေဘေးအသိပညာပေးပိုစတာ၊ ငလျင်ဘေးအသိပညာ ပေးပိုစတာများအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)