မာန်အောင်၊ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရခိုင် ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၆) အုပ်စုရှိ မဲရုံ (၈၁) ရုံ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ယနေ့နံနက် ၆ နာရီက စတင်ဖွင့်လှစ်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံ (၈၁) ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် မဲဆန္ဒရှင်ပြည်သူ (၅၅၆၃၅) ဦးရှိပြီး အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် ဘိုးဘွားများ (၁၂၆၁၆) ဦးရှိကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့ထိ ကြိုတင်ဆန္ဒမဲပေးပြီး မဲဆန္ဒရှင် ကျား (၄၆၉၄) ဦး၊ မ(၇၃၀၉)ဦး၊ ပေါင်း(၁၂၀၀၃)ဦး ရှိပြီးယနေ့ ဆန္ဒမဲပေးရန် အတွက် မဲဆန္ဒရှင် ကျား (၂၂၁၈၁) ဦး၊ မ(၂၂၄၅၁) ဦး၊ ပေါင်း(၄၃၆၃၂) ဦး ကျန်ရှိရာ ငြိမ်းချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)