ရွှေတောင် မေ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း( Book Club)နှင့်ပူးပေါင်း၍ အခြေခံကဗျာရေးနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင်-ရွှေတောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသားကျောင်းသူလူငယ်များ မြန်မာစာပေကို ပိုမိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံကဗျာရေးနည်းသင်တန်းတွင် နည်းပြဆရာများအဖြစ် ဒေါ်မြတ်နွယ်( April Moon) ၊ ဒေါ်ယမင်းရွှေစင်(ပယင်းဥ)နှင့် ဦးအောင်ကျော် (အောင်ကျော်-ရွှေတောင်)တို့က အခြေခံကဗျာရေးသားနည်းသင်ခန်းစာများအနက် သံပေါက်ကဗျာရေးစပ်နည်းနှင့် ကလေးကဗျာရေးသားနည်းစသည်များကို သင်ကြားပို့ချခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃)ရက်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ ဆက်)