အောင်လံမြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင်ကျင်းပမည်

အောင်လံ  ဖေဖော်ဝါရီ  ၂၄

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း၌  ယခုနှစ်မတ်လတွင်ကျင်းပမည့်  ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၀၃၇)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး၊ စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုမှုအတွက် စာစစ်ဌာန(၉)ခုဖြစ်သော အောင်လံ အထက(၁)တွင်     ကျောင်းသား/ကျောင်းသူ(၉၅၆)ဦး၊ အောင်လံ အထက(၂)တွင် (၇၀၅)ဦး၊ အထက ရွာထောင်တွင်(၈၂၄)ဦး ၊ အထက ပြလို့တွင် (၄၃၈)ဦး ၊ အထက ရွှေပန်းတောတွင် (၁၉၆)ဦး၊ အထက သမ္ဘူလတွင် (၄၂၂)ဦး၊ အထက မြို့လှတွင် (၁၃၀)ဦး၊ အထက ညောင်ပင်ဆိပ်တွင် (၁၇၄)ဦး၊ အထက−ကျီရပ်ကုန်းတွင် (၁၉၂)ဦးတို့ဖြင့်  ကျောင်းသား (၁၇၃၉)ဦး၊ ကျောင်းသူ (၂၂၉၈)ဦး စုစုပေါင်း(၄၀၃၇)ဦးတို့ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထား ရှိကြောင်း       မြို့နယ်ပညာရေးမှူး ဦးချစ်လွင်ထံမှသိရသည်။

သိန်းလွင်(အောင်လံ)