မရမ်းကုန်း နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့ ယနေ့နံနက် ၆:၀၀ နာရီအချိန်မှစ၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ မဲရုံးများ၌ မဲဆန္ဒရှင် ပြည်သူများကျန်းမာရေးနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိသည်။
အဆိုပါ မြို့နယ်အတွင်းရှိ မဲရုံများ၌ ဆန္ဒမဲလာရောက်ပေးသူ ပြည်သူများအတွက် ကျန်းမာရေးသုံးပစ္စည်း ဖြစ်သည့် N95 (Mask) နှင့် Face shield တို့ကို မဲရုံတာဝန်ခံများက ဝေငှခြင်း၊ မဲဆန္ဒရှင် ပြည်သူများမှလည်း ကျန်းမာရေးနှင့်အညီ လက်ဆေးခြင်း၊ ဆန္ဒမဲရယူခြင်း၊ ဆန္ဒပြုခြင်း၊ လက်သန့်စင်ခြင်းနှင့် မင်တို့ခြင်း စသည်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းများအား ဘေးကင်းလုံခြုံစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)