၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲများ စတင်ပေး

လဟယ်  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်()ရပ်ကွက်တို့တွင် မဲဆန္ဒရှင် ပြည်သူများမှ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ယနေ့နံနက် နာရီချိန်မှ စတင်ပြီး ရပ်ကွက်လိုက် မဲရုံများသို့ မဲများစတင် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့မဲများပေးရာတွင် ကျန်းမာရေးဌာနမှချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လက်များ ဆေးကြောခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် လူတစ်ဦးနှင့်တစ်ဦး ()ပေအကွာဖြင့် မဲများကို ပေးလျက် ရှိသည်။

လဟယ်မြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း(၃၃၆၁၃) ဦးရှိကြောင်း သိရသည်။

ပါမင်းလှိုင် (ပြန်/ဆက်)