ရေတာရှည် နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် ဇနီး ဒေါ်စန်းစန်းမော် သည် ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်က ရေတာရှည်မြို့နယ် ၊ကြံသနွယ်ကျေးရွာအုပ်စု၊ စိုင်တမော့ကြီး ကျေးရွာရှိ မဲရုံအမှတ် ၂ သို့ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် မဲရုံပေါင်း (၁၆၉) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၇၀၁၈) ဦး ရှိကြောင်း မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ သက်ဆိုင်ရာ မဲရုံအသီးသီးသို့ လာရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးကြကြောင်း သိရသည်။
ဆု(ပြန်/ဆက်)