ထန်းတပင်မြို့နယ် မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီဆန္ဒမဲပေး

ထန်းတပင် (ပဲခူး) နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရပ်ကွက် /ကျေးရွာ အုပ်စု( ၃၅ )အုပ်စုမှ မဲရုံပေါင်း (၉၄)ရုံ၌  မဲဆန္ဒရှင် ပြည်သူများ ယနေ့ နံနက် ၆ နာရီအချိန်က စတင်၍ ဆန္ဒမဲများ ပေးနေ ကြောင်း သိရသည်။
ထို့နောက် ဆန္ဒမဲလာရောက်ပေးကြသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မဲရုံအတွင်းနှင့် အပြင်အထွက် သတ်မှတ်နေရာများ အလိုက် စည်းများတားပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်လာစေခြင်း မဲဆန္ဒရှင်ပြည်သူ များအား မဲရုံအသီးသီးမှ တာဝန်ကျ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ ဝန်ထမ်းများနှင့် မဲရုံလုံခြုံရေး တာဝန်ရှိသူ အသီးသီးတို့က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်စု (၃၅) အုပ်စု၌ မဲရုံပေါင်း (၉၄) ရုံ ဖွင့်လှစ်လျက်ရှိရာ မဲဆန္ဒရှင်ဦးရေ (၉၆၅၉၂) ဦးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။    
မြို့နယ်(ပြန်/ဆက်)