နတ်မောက် နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့ နတ်မောက်မြို့ ဈေးရပ်ကွက်မဲရုံ(၁)တွင် ယနေ့နံနက်ပိုင်းက မဲရုံသို့မဲပေးလာသူပြည်သူများ ဆန္ဒမဲလာရောက် ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့မဲပေးရာတွင် ပြည်သူများမဲရုံသို့ ပျော်ရွှင်စွာလာရောက်မဲပေးခြင်း၊ မသန်စွမ်းသည့် မဲဆန္ဒရှင်များအား မဲရုံရှိ တာဝန်ရှိသူများက ဆန္ဒမဲပေးနိုင်ရန် အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်မကတော့ မဲရုံအမှတ်(၁)ကို မဲပေးရမှာဖြစ်ပါတယ် အရင်ကလည်း ကျွန်မမဲပေးဘူးပါတယ်၊ အခု ၂၀၂၀မှာ မဲပေးရတာက ကိုဗစ်-၁၉ရောဂါကြောင့် နှာခေါင်းစည်း(mask)တပ်၍ လာရပါတယ်၊ မဲပေးရာ တွင်လည်း တစ်ဦးနဲ့တစ်ဦး (၆)ပေကွာ သက်မှတ်ပြီး မဲပေးရပါတယ်၊ မဲပေးရာတွင်လည်း မဲရုံအတွင်း ဝင်လျှင် လက်ဆေးခြင်းနှင့် အပူချိန်တိုင်းခြင်း တို့ကို ပြုလုပ်ပြီးမှ မဲရုံအတွင်းဝင်ပြီး မဲပေးရတာဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားသောကြောင့် ကျွန်မတို့ပြည်သူတွေ စနစ်တကျ မဲပေးရတာကို ကျေနပ် ပါတယ်ဟု” စျေးရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)