၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိ

ခန္တီး       နိုဝင်ဘာ     ၈

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၃၁၃၈၄) ရှိပြီး မဲရုံပေါင်း (၃၄)ရုံရှိကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် မဲရုံများဖွင့်လှစ်ပြီး ဆန္ဒမဲပေးလျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီ မဲရုံပရဝဏ်အတွင်းသို့ စတင်ဝင်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများကို လက်သန့် ဆပ်ပြာရည်ဖြင့်သန့်စင်စေပြီး ပါးစပ်နှာခေါင်း စည်းအသစ်တပ်ဆင်စေခြင်းနှင့် ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့်တိုင်းတာ၍ ဆန္ဒမဲရုံသို့ဝင်ရောက် မဲပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့ပေါ် ရပ်ကွက်တွင် မဲရုံ(၄) နေရာရှိရာ အဆိုပါမဲရုံများသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)