ဂန့်ဂေါမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဂန့်ဂေါ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ဂန့်ဂေါ အ.ထ.က၊ အ.ထ.က(မြို့မ)နှင့် အ.ထ.က(ရှုံးရှီ)စသည့် စာစစ်ဌာနများ၌ စာမေးပွဲပြီးဆုံးချိန်များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ဂန့်ဂေါ အ.ထ.က၊ အ.ထ.က(မြို့မ)နှင့် အ.ထ.က(ရှုံးရှီ) စသည့် စာစစ်ဌာနများ၌ ကျောင်းသူ/ကျောင်းသားများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)