မင်းလှမြို့၌ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲစတင်ပေး

အထက်မင်းလှ       နိုဝင်ဘာ    ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပသည့် ယနေ့နံနက် ၆ နာရီတွင် မဲရုံစတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲ စတင်ပေးလျက်ရှိသည်။

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မင်းလှမြို့တွင်ပါတီ   ၈  ခုမှ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်သည့် ပါတီအား လွှတ်လပ်ပျော်ရွှင်အေးချမ်းစွာ ဆန္ဒမဲ ပေးလျက်ရှိပြီး မဲရုံများတွင်မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စီစဉ် ဆောင်ရွက်ထား လျက်ရှိသည်။

မင်းလှမြို့နယ်တွင် ရပ်ကွက် ၆ ရပ်ကွက်၊ကျေးရွာအုပ်စု  ၆၃  အုပ်စုတွင် မဲရုံပေါင်း ၁၂၀ ရုံ ရှိပြီးဆန္ဒမဲ ပေးပိုင်ခွင့် ရှိမဲဆန္ဒရှင်ပေါင်း ၁၀၁၆၅၈ ဦး  ရှိ‌ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)