ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံဂစ်တာတီးသင်တန်း ဖွင့်လှစ်သင်ကြားပေး

ဖြူး မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် နွေရာသီကျောင်းပိတ်ချိန် ကျောင်းသားလူငယ်များ ဂစ်တာတီးအခြေခံပညာရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီကစတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံဂစ်တာတီးသင်တန်းအား အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဂစ်တာတီးသင်တန်းနည်းပြ ဦးညီညီဇော်က သင်တန်းသားများအား ဂစ်တာတစ်လက်၏ တည်ဆောက်ပုံနှင့် အသုံးပြုနိုင်သည့် အချက်များ၊ ဂစ်တာတီးခတ်ရာတွင် လက်အနေအထား၊ လက်ခတ်အနေအထားအလိုက် စည်းချက်အလိုက်တီးခတ်နည်း၊ ကော့(စ်)အမျိုးအစားများနှင့် ကော့(စ်)ကိုင်နည်း၊ မြူးဇစ်အလိုက် တီးခတ်နည်း စသည်များကို စာတွေ့၊ လက်တွေ့ ပထမရက်အနေဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား (၁၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၁-၅-၂၀၂၄)ရက်နေ့မှ (၁၇-၅-၂၀၂၄)ရက်နေ့ထိဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)