ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရေတာရှည် မတ်လ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ မင်းဗထူးရေးသားသည့် “စဥ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “အမြင်ကျယ်သော စဥ်းစားတွေးခေါ်ခြင်းကို ပြုစုပျိုးထောင်ပါ”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးဇော်ဇော်ထွေးမှ “ဖန်တီးမှုရှိရင် စဥ်းစားတွေးခေါ်ပါ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Woman Club)အဖွဲ့ဝင် မဖြူဖြူထွန်းက “စူးစိုက်၍ စဥ်းစားတွေးခေါ်ပါ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တက်ရောက်လာသူများက ခေါင်းစဥ်အသီးသီးဖြင့်လည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။ 

ရေတာရှည်(ပြန်/ဆက်)