လက်ပံတန်း နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီအချိန်မှစ၍ လက်ပံတန်းမြို့နယ် အတွင်းရှိ မဲရုံအသီးသီးတွင် ပြည်သူများ တာဝန်ကျေပွန်စွာ မဲပေးလျက်ရှိကြောင်း သိရသည်။
သက်ဆိုင်ရာ မဲရုံမှူးများက ပါတီကိုယ်စားလှယ်များ၊ ရပ်ကျေးကော်မရှင်နှင့် အများပြည်သူများရှေ့တွင် ဆန္ဒမဲပုံးအလွတ်များ ဖြစ်ကြောင်း ပြသ၍ လုံခြုံရေးကြိုးများဖြင့် ပိတ်ပြီး ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲစတင်ပေးနိုင်ကြောင်း ကြေညာခဲ့ကြသည်၊၊ မဲပေးရာတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ ညွှန်ကြားချက်များနှင့် အညီ မဲရုံဝန်ထမ်းများက လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရန် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်၊၊
လက်ပံတန်းမြို့နယ်တွင် လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၃) အုပ်စုရှိပြီး၊ မဲရုံပေါင်း(၁၇၆) ရုံတွင် တိုင်းရင်းသား ရေးရာ မဲရုံ (၇၅)ရုံနှင့် မဲရုံအဖွဲ့ဝင် (၂၃၁၆) ဦးဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိသည်။ လက်ပံတန်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၃၈၄၆၂) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ (၅၀၅၇)ဦး ရှိပြီး၊ ကြိုတင်ဆန္ဒမဲပေးပြီးသူပေါင်း ၂၂၀၀၃ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝင့်နန္ဒာဌေး