အုတ်တွင်း နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီအချိန်က စတင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် အုတ်တွင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု(၅၁)အုပ်စုရှိရာ မဲဆန္ဒရှင် ပြည်သူ (၁၃၀၄၇၆)ဦးတို့သည် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လာရောက် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးရန် လာရောက်သည့် ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းနှင့် လူစုလူဝေး မဖြစ်စေရန် Social Distancing နှင့်အညီ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာ နေထိုင်စေခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှ မဲရုံအတွင်းသို့ ဝင်ရောက်မဲပေးစေရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲပေးပြီးကြောင်း ဘယ်ဖက် လက်သန်းတွင် အမှတ်အသား အဖြစ် မင်တို့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မာ(ပြန်/ဆက်)