ပေါင်းတည် မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က Video Editing သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အဆိုပါခန်းမတွင် ပြည်သူအခြေပြုသော သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အစည်းအဝေးပွဲများကိုစဉ်ဆက်မပြတ် ဖွင့်လှစ်ကျင်းပြုလုပ်လျက်ရှိရာ ယနေ့တွင် နည်းပညာဆိုင်ရာ Video Editing သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက Power Director နှင့် Kine Master အသုံးပြု၍ ရိုက်ကူးထားသော Video များကို Video Editing ပြုလုပ်နည်း လက်တွေ့သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
တစ်ရက်တာ ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိသည့် အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ စုစုပေါင်း ၂၀ ဦး တက်ရောက်လျက်ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)