ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ပေါင် မေ ၁၇

မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်(Book Club) အဖွဲ့ဝင် စာရေးဆရာ ဝံသမောင်က ပညာရေးအစ စာအုပ်များဖြင့်အစပြုပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် စာရေးဆရာ မောင်မြေရိုင်းက လူမျိုးမြင့်မှ စာဖတ်စို့ခေါင်းစဉ်ဖြင့်လည်းကောင်း အဖွဲ့ဝင် စာရေးဆရာ ကောင်းပြည့်ဟိန်းက သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် စာရေးဆရာ ငှက်တောင်ပံကအလှအပဆိုတာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)