မင်္ဂလာဒုံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

မင်္ဂလာဒုံ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ကလေးအလုပ်သမားနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ပြည်သူများဗဟုသုတရရှိနိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးလုပ်သား ဖြစ်ရခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ၊ ILO၏ စံနှုန်းများနှင့် အခြားသောနိုင်ငံတကာ ပြဌာန်းချက်များ၊ မြန်မာနိုင်ငံကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းပြဌာန်းချက်များ၊ ကလေးလုပ်သားဆန့်ကျင်ရာတွင် အလုပ်ရှင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍအပါအဝင် ကလေးလုပ်သားတိုက်ဖျက်ရန်အတွက် အလုပ်ရှင် အဖွဲ့အစည်းများ၏ အကြောင်းပြချက် (၃)ချက်တို့ပါဝင်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးလင်း(ပြန်/ဆက်)