စုကလိ ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မုလအိ မုလအ ဘုရားသို့ အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်ရန်နှင့် ဘုရားဖူးပြည်သူများအနေဖြင့် စေတီနှစ်ဆူသို့ လွယ်ကူစွာ သွားရောက်ဖူးမျှော်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် တောင်တက်ယာဉ် ကားဂိတ်အသစ်အား စုကလိမြို့ တာနောထကျေးရွာ မုလအိ မုလအ လမ်းဆုံတွင် ယမန်နေ့က ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တာနောထကျေးရွာ ရွာဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီးနောက် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းသီဟနှင့် တာဝန်ရှိသူများမှ ကားဂိတ်မုခ်ဝအား ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် တာဝန်ရှိသူများမှ အဖွင့်အမှာစကားများ ပြောကြားပေးခဲ့ပြီး နောက် အခမ်းအနားအား နမောတသ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ပိုပိုအောင် (ပြန်/ဆက်)