မရမ်းကုန်း မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာမ ခြယ်မှုန်းသီရေးသားထားသည့် “ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါးဝတ္ထုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မရမ်းကုန်းမြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်မိုး(မြေလတ်ထင်ကျော်မိုး)က နူတ်ခွန်းဆက်အမှာ စကားပြောကြားပြီး စာရေးဆရာမခြယ်မှုန်းသီရေးသားထားသည့် “ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါးဝတ္ထုများ ” စာအုပ်တွင်ပါရှိသည့် ရှင်သန်ခွင့်အလှူ၊ အဲလ်ဗစ်ပရက်စလီနှင့် ပရဟိတ၊ နေရစ်တော့အမှောင်ကမ္ဘာ၊ ထိန်းသိမ်းစို့လေ၊ ရှေးဟောင်းအမွေနှလုံးသားရဲ့ ကမ္ဘာသုံးဝေါဟာရ၊ သံလမ်းပေါ်ကလမ်းပြကြယ်၊ တုံ့မယူလို ငြိမ်းစေလိုလည်း၊ ဘဝသစ်ရဲ့ လင်းရောင်ခြည်လှပသွားတဲ့ ဘဝဆည်းဆာမေမေ့အားမာန်၊ တေးသီဆိုတဲ့သမီးလေး၊ ကြိုးလေးတစ်မျှင်၊ ရှင်သန်ခွင့်လက်ဆောင်စသည့် ဆောင်းပါဝတ္ထုတိုများကို ဖတ်ကြားပြီး တက်ရောက်လာသူများက ဆောင်းပါးဝတ္ထုများခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ်ရုံးမှ သုတရသစာအုပ်များကို ခင်ကျင်းပြသခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်တို့အားပြသရာ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
ယဉ်မော် (ပြန်/ဆက်)