ဟုမ္မလင်း မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်တိုးတက်မြင့်မားရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာရှိ ကက်သာလူငယ်စာကြည့်တိုက်တွင် ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်တိုးတက်မြင့်မားရေးနှင့်ပတ်သက်ပြီး ကျေးရွာရှိတာဝန်ရှိသူများ၊ ကက်သာလူငယ်စာကြည့်တိုက်ကော်မတီဝင်များ၊ ကျေးရွာရှိလူငယ်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်အတွက်လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ကြမည့်လုပ်ငန်းစဉ်များကို အသီးသီးတင်ပြခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကျေးရွာတာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်တိုးတက်မြင့်မားရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်(၃၀)အုပ်လှူဒါန်းကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကက်သာစံပြကျေးရွာရှိတာဝန်ရှိပုဂ္ဂိုလ်များ၊ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)