ဘုတလင်မြို့နယ်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်

ဘုတလင်  ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းသို့ သင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် ကလေးသူငယ်ဥပဒေစသည့် ဘာသာရပ်များကို ဖေဖော်ဝါရီလ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်ကြာ ဆွေးနွေးပို့ချမည် ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင် များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)