ဝက်လက်မြို့၌ မီဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ဝက်လက်  ဖေဖေါ်ဝါရီ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ရွာသာကြီးကျေးရွာ စက်သုံးဆီဆိုင်များကို မီးဘေး လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုတတ်စေရေများ သင်ကြားပေးသည်။

မီးဘေးလုံခြုံရေး အသိပညာပေးရာတွင် ရွာသာကြီးကျေးရွာအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်မျာ ရောင်းချနေမှု၊ သိုလှောင်ထားရှိများအတွက် မီးဘေးလုံခြုံးရေးအတွက် အသိပညာပေးခြင်းနှင့် စက်သုံးဆီ အရောင်းဝန်ထမ်းများကိုလည်း မီးသတ်ဆေးဘူး စနစ်တကျ သုံးဆွဲတတ် စေရေးအတွက် လက်တွေ့ သင်ကြားမှုများ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝက်လက်မြို့ မီးသတ်ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးမောင်းနိန်၊ ဒုဦးစီးမှူး ဦးအောင်ထွန်းလေးနှင့် တပ်ဖွဲ့ဝင်များက လိုက်ပါဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)