ဂွ မေ ၃၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ယနေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ စာအုပ်စာစောင်များ ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးခိုင်မိုးမင်းနှင့် ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး စာဖတ်သည့်အလေ့အကျင့်ရရှိရေး၊ စာပေလေ့လာဖတ်ရှုမှုများတိုးပွားစေရေးအတွက် မြို့နယ်ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာန၊ အမှတ်(၈၅)သစ်စက်တို့ရှိ စာပေချစ်မြတ်နိုးသူများအား သုတ/ ရသစာအုပ်(၁၅၀)ကျော်အား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စာအုပ်များငှားရမ်းပေးခြင်းကို အပတ်စဥ် ကြာသာပတေးနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်