ဒဂုံမြောက် နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ များ ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်လေးသောင်းစီ ထောက်ပံ့ပေးအပ်မှုများအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်(၃၅) နှင့် (၃၈) ရပ်ကွက်တို့တွင် အခြေခံ လူတန်းစားအိမ်ထောင်စုများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ် မှူးများမှ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၁၂၅၅)ဦးရေအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း သိန်း (၄၅၀၂၀၀၀၀၀) ဖြစ်ပြီး ကိုဗစ် ကာလအတွင်း စားဝတ်နေရေးအတွက် အထောက် အကူဖြစ်စေရန် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)