စုကလိ နိုဝင်ဘာ ၁၂
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များကို ပြည်သူများ သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဖြစ် သတ်မှတ်နိုင်သည့် အချက်များ၊ အကြမ်းဖက်ခံရမှုကို ဥပဒေအရ ဖြေရှင်း ဆောင်ရွက်နိုင်သည့်အချက်များ၊ ဥပဒေအကြံရယူရန်ဆက်သွယ်နိုင်သည့် ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ)၏ ဖုန်းနံပါတ်များ၊ အကူအညီရယူနိုင်သည့် လူမှုဝန်ထမ်းဦးစီး ဌာန၏ ဖုန်းနံပါတ်များအား ထည့်သွင်းပြသထားသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)