ပိုင်ကျုံ နို၀င်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ၀င်းဖရကျေးရွာနှင့် ရွာကိုင်းကောင်းကျေးရွာ အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူ တန်းစားအိမ်ထောင် စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တာ၀န်ရှိသူများက အိမ်တိုင်ရာ ရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းရန်အောင်နှင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၀င်းဖရကျေးရွာရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၆၁)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်း စုစုပေါင်းငွေကျပ်(၉၂၂၀၀၀၀)ကျပ်နှင့် ရွာကိုင်းကောင်း ကျေးရွာအုပ်စုအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၆၈)စုအတွက် တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၃၆၀၀၀၀)ကျပ် တို့အား ပြည်သူများ၏ လက်၀ယ်အရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)