ရေနံချောင်း ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ရေနံသာစနေကဗျာဝိုင်းမှ ကဗျာဆရာများ၊ စာပေဝါသနာရှင်များ တက်ရောက်ကာ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ကို ဖတ်ရှုခဲ့ကြပြီး အဆိုပါစာအုပ်တွင်ပါရှိသည့် လူငယ်များကို ပျိုးထောင်ပေးပါ၊ လူကြီးနှင့်လူငယ်၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်ရွှေရောင်အနာဂတ်ဆီသို့၊ လူငယ်နှင့်မျိုးဆက်အမွေ၊ လူငယ်နှင့်အပေါင်းအသင်း၊ ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ၊ အတွေးများ လှစေချင်သည် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များကို တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်