တောင်ငူ ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ဗီဒီယိုအခြေခံအဖွဲ့မှဦးဆောင်၍ တောင်ငူမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ပဲခူးတိုင်းဒေသကြီး၊ ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက အမှုဆောင်အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းသည်။ ဆက်လက်၍ ရွေးချယ်တင်မြောက်ခံရသည့် တောင်ငူမြို့နယ်ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဝေက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သန်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့၊ အဖွဲ့ဝင်များ၊ ဗီဒီယိုလုပ်ငန်း လိုင်စင်ရရှိထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ပြီး အမှုဆောင် (၉) ဦးဖြင့် ရွေးချယ်ဖွဲ့စည်းထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)