ကျိုက်ဒုံမြို့တွင် ကိုဗစ်−၁၉ ရောဂါကာလ၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ကျိုက်ဒုံ နိုဝင်ဘာ ၁၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်−၁၉ ရောဂါ ကာလမှာ နိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် စတုတ္ထအကြိမ် တစ်အိမ်ထောင်စုလျှင် ငွေ (၂၀၀၀၀) ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါ ထောက်ပံ့ငွေများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၉၈) စုအတွက် မြို့ပေါ်/ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အခြေခံလူတန်းစားများ၏ နေအိမ်များသို့ အရောက်သွားပြီး တစ်အိမ်ထောင်စု လျှင် ငွေ (၂၀၀၀၀) ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)