ခရမ်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်မူလွယ်ကူစေရန် ခရမ်းမြို့နှင့် ဆက်သွယ်မည့် လမ်းကွန်ကရစ် ခင်းကျင်းနေမူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှတိုးနှင့် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ QC အဖွဲ့ဝင်များက ခရမ်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ပေါက်ပင်၊ အေးရွာဆက်သွယ်ရေး ကွန်ကရစ်လမ်း ခင်းကျင်းနေမူ့များကို ကွင်းဆင်းကြည့်ရှူစစ်ဆေး၍ စံချိန်စံညွှန်းပြည့်မှီရေး အချိန်မှီပြီးစီး၍ အရည်အသွေးပြည့်မှီရေး လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)