ပိုင်ကျုံမြို့၊‌ နောင်ဘိုကြီးကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အား ပဉ္စမအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပိုင်ကျုံ နို၀င်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင် စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ပဥ္စမအကြိမ် ထောက်ပံ့ငွေများကို ယမန်‌နေ့က တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ် ရေးမှူး ဦးထွန်းရန်အောင်၊ ဌာနဆိုင်ရာများနှင့် နောင်ဘိုကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က နောင်ဘိုကြီးကျေးရွာအတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စု (၁၂၀) စုအတွက် အိမ်ထောင်စု တစ်စု လျှင် (၂၀၀၀၀) ကျပ်နှုန်းစုစုပေါင်း ငွေကျပ် (၂၄၀၀၀၀) ကျပ်ကို ပြည်သူများ၏ လက်၀ယ် အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)