ကလေး ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်း(၂/၂၀၂၄)ကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းနည်းပြများဖြစ်သည့် ကလေးခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိများက ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်းအမျိုးအစားများ၊ ရုံးစာရေးသားရာတွင် ပါရှိရမည့် အကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား ဇွန် ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖွင့်လှစ်၍ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းကြောင့် ရုံးစာရေးသားနည်းတွင် အရေးပါသောအချက်အလက်များကို ပိုမိုသိရှိစေရန်နှင့် သတ်မှတ်ထားသည့် နည်းစနစ်အတိုင်း တိကျစွာရေးသားနိုင်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)